Thursday, March 8, 2018

ဆေးလိပ်ရဲ့ အမှန်တရား

"ဆေးလိပ်ကြောင့် သေဆုံးမှုတွေက လူသတ်ခံရမှု၊ အေအိုင်ဒီအက်စ်ကြောင့်သေဆုံးမှု၊ မိမိကိုယ်မိမိသတ်သေမှု၊ မူးယစ်ဆေးဝါး၊ ယာဉ်တိုက်မှု၊ အရက် စတာတွေကြောင့် သေဆုံးမှုတွေ အားလုံးပေါင်းထက် ပိုများပါတယ်။"

အထက်ပါ စာသားက အမေရိကန်နိုင်ငံ ဖက်ဒရယ်တရားရုံးက ဆေးလိပ်လုပ်ငန်းကြီးတွေကို ထုတ်ပြန်ပေးဖို့ အမိန့်ချမှတ်တဲ့ ကြေငြာစာတွေထဲက တစ်ခုပါ။

အမိန့်ချမှတ်ခြင်း ခံရတဲ့ ဆေးလိပ်လုပ်ငန်းကြီးတွေက RJ Reynolds Tobacco, Philip Morris USA, Altria နဲ့ Lorillard တို့ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ထုတ်ကုန်တွေကြောင့် လူတွေ ဘယ်လို ကြုံတွေ့ခံစားရကြောင်း အမှန်အတိုင်း ပြင်ဆင်ထုတ်ပြန်ဖို့ ဖယ်ဒရယ်တရားရုံးက အမိန့်ချမှတ်ခြင်း ခံထားရခြင်း ဖြစ်ပါတယ်။
အဲဒီအချက်တွေကို သူတို့ဆီက အွန်လိုင်းနဲ့ ပုံနှိပ် အဓိက သတင်းစာတွေထဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ၂၀၁၇ က စလို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်သံအစီအစဉ်တွေရဲ့ လူကြည့်များတဲ့ အချိန်တွေမှာလည်း ကြေညာပေးရမှာ ဖြစ်ပါတယ်။ 

ဆေးလိပ် ဆေးရွက်ကြီးကြောင့် နာမကျန်းဖြစ်သူတွေကို ကုသရတဲ့ စရိတ်တွေအတွက် အမေရိကန်နိုင်ငံရဲ့ တရားရေးဌာနက ဆေးလိပ်လုပ်ငန်းကြီးတွေကို ၁၉၉၉ခုနှစ်က တရားစွဲဆိုခဲ့ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ 


"ေဆးလိပ္ေၾကာင့္ ေသဆံုးမႈေတြက လူသတ္ခံရမႈ၊ ေအအိုင္ဒီအက္စ္ေၾကာင့္ေသဆံုးမႈ၊ မိမိကိုယ္မိမိသတ္ေသမႈ၊ မူးယစ္ေဆးဝါး၊ ယာဥ္တိုက္မႈ၊ အရက္ စတာေတြေၾကာင့္ ေသဆံုးမႈေတြ အားလံုးေပါင္းထက္ ပိုမ်ားပါတယ္။"
အထက္ပါ စာသားက အေမရိကန္ႏိုင္ငံ ဖက္ဒရယ္တရားရံုးက ေဆးလိပ္လုပ္ငန္းၾကီးေတြကို ထုတ္ျပန္ေပးဖုိ႔ အမိန္႔ခ်မွတ္တဲ့ ေၾကျငာစာေတြထဲက တစ္ခုပါ။
အမိန္႔ခ်မွတ္ျခင္း ခံရတဲ့ ေဆးလိပ္လုပ္ငန္းၾကီးေတြက RJ Reynolds Tobacco, Philip Morris USA, Altria နဲ႔ Lorillard တို႔ ျဖစ္ၾကပါတယ္။ 
သူတို႔ရဲ႕ ထုတ္ကုန္ေတြေၾကာင့္ လူေတြ ဘယ္လို ၾကံဳေတြ႔ခံစားရေၾကာင္း အမွန္အတိုင္း ျပင္ဆင္ထုတ္ျပန္ဖို႔ ဖယ္ဒရယ္တရားရံုးက အမိန္႔ခ်မွတ္ျခင္း ခံထားရျခင္း ျဖစ္ပါတယ္။
အဲဒီအခ်က္ေတြကို သူတို႔ဆီက အြန္လိုင္းနဲ႔ ပံုႏွိပ္ အဓိက သတင္းစာေတြထဲမွာ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ ၂၀၁၇ က စလို႔ ေဖာ္ျပခဲ့ျပီး ျဖစ္ပါတယ္။
ရုပ္သံအစီအစဥ္ေတြရဲ႕ လူၾကည့္မ်ားတဲ့ အခ်ိန္ေတြမွာလည္း ေၾကညာေပးရမွာ ျဖစ္ပါတယ္။
 
ေဆးလိပ္ ေဆးရြက္ၾကီးေၾကာင့္ နာမက်န္းျဖစ္သူေတြကို ကုသရတဲ့ စရိတ္ေတြအတြက္ အေမရိကန္ႏိုင္ငံရဲ႕ တရားေရးဌာနက ေဆးလိပ္လုပ္ငန္းၾကီးေတြကို ၁၉၉၉ခုႏွစ္က တရားစြဲဆိုခဲ့ျခင္းရဲ႕ ရလဒ္ျဖစ္ပါတယ္။  

Tuesday, June 6, 2017

ဦးစားပေးသင့်တဲ့ အရာ

၂၀၁၃ခုနှစ် World No Tobacco Day အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ချုပ် ဒေါက်တာမာဂရက်ချန်းပြောခဲ့တဲ့ စကားပါ။

"အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဆေးလိပ်စွဲသူတွေ ဖြစ်အောင် ဆေးလိပ်လုပ်ငန်းကြီးတွေက အရှက်ကင်းမဲ့စွာ မျက်နှာပြောင်ပြောင်နဲ့ ဆောင်ရွက်နေကြတဲ့ လုပ်ရပ်တွေကို တားဆီးကာကွယ်ဖို့ အစိုးရတွေက ထိပ်ဆုံး ဦးစားပေး အစီအစဉ်အနေနဲ့ ဆောင်ရွက်သင့်ပါတယ်။"

၂၀၁၃ခုႏွစ္ World No Tobacco Day အတြက္ ကမၻာ့က်န္းမာေရးအဖြဲ႕ရဲ႕ ညႊန္ခ်ဳပ္ ေဒါက္တာမာဂရက္ခ်န္းေျပာခဲ့တဲ့ စကားပါ။
"အမ်ိဳးသမီးေတြနဲ႔ လူငယ္ေတြကို ေဆးလိပ္စြဲသူေတြ ျဖစ္ေအာင္ ေဆးလိပ္လုပ္ငန္းၾကီးေတြက အရွက္ကင္းမဲ့စြာ မ်က္ႏွာေျပာင္ေျပာင္နဲ႔ ေဆာင္ရြက္ေနၾကတဲ့ လုပ္ရပ္ေတြကို တားဆီးကာကြယ္ဖို႔ အစိုးရေတြက ထိပ္ဆံုး ဦးစားေပး အစီအစဥ္အေနနဲ႔ ေဆာင္ရြက္သင့္ပါတယ္။"

Saturday, August 22, 2015

Individual Level (တစ်ဦးချင်းအဆင့်)

ဆေးလိပ် ဆေးရွက်ကြီးနဲ့ ပတ်သက်လို့ တစ်ဦးတစ်ယောက်ချင်း အဆင့်မှာ ဆောင်ရွက်နိုင်တာကတော့ ဆေးလိပ်ငွေ့တွေက သေတတ်တယ်ဆိုတာကို သိထား၊ သတိထားဖို့ပါ။

ဆေးလိပ် မသောက်သူတွေက ကိုယ့်အခွင့်အရေး၊ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အခွင့်အရေးအတွက် ပြောပြ တောင်းဆိုနိုင်ပါတယ်။
အမြဲတမ်းတော့ အောင်မြင်မှာ မဟုတ်ပေမယ့် ပြောသူတွေ များလာရင် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာပါမယ်။

ဆေးလိပ်သောက်သူတွေကလဲ မိမိရဲ့ ဆေးလိပ်ငွေ့တွေက သူတစ်ပါး ထိခိုက်ဖို့ မဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်။

  • အလုံပိတ် အခန်းထဲတွေ၊
  • ကားထဲတွေ၊
  • အလုံပိတ်အခန်းနဲ့ ဆက်နေတဲ့ နေရာတွေ
  • အခြားသူတွေရဲ့ အနားမှာတွေကို

တတ်နိုင်သ‌မျှ ရှောင်သင့်ပါတယ်။
အဲဒီလို ရှောင်ခြင်းက ကောင်းမှု ပြုတာပါပဲ။

တဒင်္ဂ ဆေးလိပ် မသောက်ရခြင်း၊ နေရာရွေး ဆေးလိပ်သောက်ရခြင်းတွေက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းနိုင်ပေမယ့် သင့်ကို သေစေမှာ၊ ရောဂါရစေမှာတော့ မဟုတ်ပါဘူး။

ေဆးလိပ္ ေဆးရြက္ၾကီးနဲ႔ ပတ္သက္လိုု႔ တစ္ဦးတစ္ေယာက္ခ်င္း အဆင့္မွာ ေဆာင္ရြက္ႏုုိင္တာကေတာ့ ေဆးလိပ္ေငြ႔ေတြက ေသတတ္တယ္ဆုုိတာကိုု သိထား၊ သတိထားဖုုိ႔ပါ။

ေဆးလိပ္ မေသာက္သူေတြက ကိုုယ့္အခြင့္အေရး၊ ကိုုယ့္မိသားစုုနဲ႔ ကိုုယ့္ပတ္၀န္းက်င္က လူေတြရဲ႕ အခြင့္အေရးအတြက္ ေျပာျပ ေတာင္းဆိုုႏိုုင္ပါတယ္။
အျမဲတမ္းေတာ့ ေအာင္ျမင္မွာ မဟုုတ္ေပမယ့္ ေျပာသူေတြ မ်ားလာရင္ အတိုုင္းအတာတစ္ခုုအထိ ေျပာင္းလဲလာပါမယ္။

ေဆးလိပ္ေသာက္သူေတြကလဲ မိမိရဲ႕ ေဆးလိပ္ေငြ႔ေတြက သူတစ္ပါး ထိခိုုက္ဖိုု႔ မျဖစ္ေအာင္ ၾကိဳးစားေဆာင္ရြက္သင့္ပါတယ္။
အလံုုပိတ္ အခန္းထဲေတြ၊
ကားထဲေတြ၊
အလံုုပိတ္အခန္းနဲ႔ ဆက္ေနတဲ့ ေနရာေတြ
အျခားသူေတြရဲ႕ အနားမွာေတြကိုု
တတ္ႏုုိင္သမ ွ် ေရွာင္သင့္ပါတယ္။
အဲဒီလိုု ေရွာင္ျခင္းက ေကာင္းမႈ ျပဳတာပါပဲ။
တဒဂၤ ေဆးလိပ္ မေသာက္ရျခင္း၊ ေနရာေရြး ေဆးလိပ္ေသာက္ရျခင္းေတြက စိတ္အေႏွာက္အယွက္ ျဖစ္စရာ ေကာင္းႏိုုင္ေပမယ့္ သင့္ကိုု ေသေစမွာ၊ ေရာဂါရေစမွာေတာ့ မဟုုတ္ပါဘူး။





Friday, July 31, 2015

Secondhand Smoke and Sudden Infant Death Syndrome

မြန်မာနိုင်ငံသူ နိုင်ငံသားတွေက အလွန်ကို အားနာတတ်ကြပါသတဲ့။

မှန်ကန်စွာ အလွန် အားနာသင့်တဲ့ အရာတစ်ခုက မိမိရဲ့ ဆေးလိပ်ငွေ့တွေကို ဖြစ်ပါတယ်။

ဆေးလိပ်ငွေ့တွေက သူတစ်ပါးရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက လူစဉ်မမီခြင်း၊ သေဆုံးခြင်းတွေ အထိဖြစ်စေနိုင်ပါတယ်။

ပိုပြောတာ မဟုတ်ပါဘူး။

ဥပမာတွေ အများကြီးထဲက တစ်ခုက အခုလိုပါ။

တစ်နှစ်အောက်ကလေးတွေမှာ ဆေးလိပ်ငွေ့ကြောင့် ဘယ်လို ထိခိုက်နိုင်တယ်ဆိုတာကို အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာများက အတိုချုပ်ဖော်ပြထားတာပါ။

တစ်နှစ်အောက်ကလေးငယ်တွေ ရုတ်တရက်သေဆုံးတဲ့ လက္ခဏာစု (Sudden Infant Death Syndrome)ဆိုတာ တစ်နှစ်အောက်ကလေးတွေ မမျှော်လင့်ဘဲ သေဆုံးခြင်းဖြစ်ပါတယ်။ အဲဒါက ကျန်းမာနေတဲ့ တစ်နှစ်အောက်ကလေး သေဆုံးမှုမှာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့တွေက တစ်နှစ်အောက်ကလေးငယ် ရုတ်ရက်သေဆုံးတဲ့ လက္ခဏာစု ဖြစ်စေဖို့ အခွင့်အလမ်းပိုများစေပါတယ်။

- ကိုယ်ဝန်ရှိစဉ်မှာ မိခင်ဆေးလိပ်သောက်ခြင်းက တစ်နှစ်အောက် ကလေးငယ် ရုတ်တရက်သေဆုံးခြင်း ဖြစ်ဖို့ အခွင့်အလမ်းပိုများစေပါတယ်။

- တစ်နှစ်အောက်ကလေးတွေ မွေးပြီးချိန်မှာ တဆင့်ခံဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့ရခြင်းက ရုတ်တရက်သေဆုံးခြင်း ဖြစ်ဖို့ အခွင့်အလမ်း ပိုမိုမြင့်မားစေပါတယ်။

- တဆင့်ခံဆေးလိပ်ငွေ့ထဲမှာ ရှိတဲ့ ဓာတုပစ္စည်းတွေက ကလေးရဲ့ ဦးနှောက်ထဲ အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ နေရာကို သွားရောက်အနှောက်အယှက်ပေးပုံရပါတယ်။

- တစ်နှစ်အောက်ကလေးငယ်တွေ ရုတ်တရက်သေဆုံးတဲ့ လက္ခဏာစုနဲ့ သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ အဆုတ်ထဲမှာ နီကိုတင်းပမာဏတွေ များပြားနေတာတွေ့ရပြီး၊ တဆင့်ခံဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့ခံထားရကြောင်း အမှတ်အသားဖြစ်တဲ့ (နီကိုတင်းခန္ဓာကိုယ်ထဲ ဓာတ်ပြောင်းသွားရင်တွေ့ရတဲ့) ကိုတင်နင်းဓာတ်ပမာဏများပြားနေတာ တွေ့ရပါတယ်။

ဘယ်လိုကာကွယ်မလဲ

- ကိုယ်ဝန်ရှိစဉ်မှာ ဆေးလိပ်မသောက်ပါနဲ့

- အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့၊ ကလေးနားမှာ ဆေးလိပ်မသောက်ပါနဲ့

- ကလေးကို နောက်ကျောပေါ်မှာ အိပ်စေတဲ့ အနေအထားနဲ့ သိပ်ပါ


ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြက အလြန္ကို အားနာတတ္ၾကပါသတဲ့။
မွန္ကန္စြာ အလြန္ အားနာသင့္တဲ့ အရာတစ္ခုက မိမိရဲ ႔ ေဆးလိပ္ေငြ႔ေတြကို ျဖစ္ပါတယ္။
ေဆးလိပ္ေငြ႔ေတြက သူတစ္ပါးရဲ ႔ က်န္းမာေရးကို ထိခိုက္ေစရံုသာမက လူစဥ္မမီျခင္း၊ ေသဆံုးျခင္းေတြ အထိျဖစ္ေစႏိုင္ပါတယ္။
ပိုေျပာတာ မဟုတ္ပါဘူး။
ဥပမာေတြ အမ်ားၾကီးထဲက တစ္ခုက အခုလိုပါ။
တစ္ႏွစ္ေအာက္ကေလးေတြမွာ ေဆးလိပ္ေငြ႔ေၾကာင့္ ဘယ္လို ထိခိုက္ႏိုင္တယ္ဆိုတာကို အေမရိကန္ႏိုင္ငံ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစင္တာမ်ားက အတိုခ်ဳပ္ေဖာ္ျပထားတာပါ။
တစ္ႏွစ္ေအာက္ကေလးငယ္ေတြ ရုတ္တရက္ေသဆံုးတဲ့ လကၡဏာစု (Sudden Infant Death Syndrome)ဆိုတာ တစ္ႏွစ္ေအာက္ကေလးေတြ မေမွ်ာ္လင့္ဘဲ ေသဆံုးျခင္းျဖစ္ပါတယ္။ အဲဒါက က်န္းမာေနတဲ့ တစ္ႏွစ္ေအာက္ကေလး ေသဆံုးမႈမွာ အဓိက အေၾကာင္းအရင္း ျဖစ္ပါတယ္။ တဆင့္ခံေဆးလိပ္ေငြ႔ေတြက တစ္ႏွစ္ေအာက္ကေလးငယ္ ရုတ္ရက္ေသဆံုးတဲ့ လကၡဏာစု ျဖစ္ေစဖုိ႔ အခြင့္အလမ္းပိုမ်ားေစပါတယ္။
- ကိုယ္၀န္ရွိစဥ္မွာ မိခင္ေဆးလိပ္ေသာက္ျခင္းက တစ္ႏွစ္ေအာက္ ကေလးငယ္ ရုတ္တရက္ေသဆံုးျခင္း ျဖစ္ဖုိ႔ အခြင့္အလမ္းပိုမ်ားေစပါတယ္။
- တစ္ႏွစ္ေအာက္ကေလးေတြ ေမြးၿပီးခ်ိန္မွာ တဆင့္ခံေဆးလိပ္ေငြ႔ေတြနဲ႔ ထိေတြ႔ရျခင္းက ရုတ္တရက္ေသဆံုးျခင္း ျဖစ္ဖုိ႔ အခြင့္အလမ္း ပိုမိုျမင့္မားေစပါတယ္။
- တဆင့္ခံေဆးလိပ္ေငြ႔ထဲမွာ ရွိတဲ့ ဓာတုပစၥည္းေတြက ကေလးရဲ ႔ ဦးေႏွာက္ထဲ အသက္ရွဴျခင္းကို ထိန္းခ်ဳပ္တဲ့ ေနရာကို သြားေရာက္အေႏွာက္အယွက္ေပးပံုရပါတယ္။
- တစ္ႏွစ္ေအာက္ကေလးငယ္ေတြ ရုတ္တရက္ေသဆံုးတဲ့ လကၡဏာစုနဲ႔ ေသဆံုးသြားတဲ့ ကေလးငယ္ေတြရဲ ႔ အဆုတ္ထဲမွာ နီကိုတင္းပမာဏေတြ မ်ားျပားေနတာေတြ႔ရၿပီး၊ တဆင့္ခံေဆးလိပ္ေငြ႔ေတြနဲ႔ ထိေတြ႔ခံထားရေၾကာင္း အမွတ္အသားျဖစ္တဲ့ (နီကိုတင္းခႏၶာကိုယ္ထဲ ဓာတ္ေျပာင္းသြားရင္ေတြ႔ရတဲ့)ကိုတင္နင္းဓာတ္ပမာဏမ်ားျပားေနတာ ေတြ႔ရပါတယ္။
ဘယ္လုိကာကြယ္မလဲ
- ကိုယ္၀န္ရွိစဥ္မွာ ေဆးလိပ္မေသာက္ပါနဲ႔
- အိမ္ထဲမွာ ေဆးလိပ္မေသာက္ပါနဲ႔၊ ကေလးနားမွာ ေဆးလိပ္မေသာက္ပါနဲ႔
- ကေလးကို ေနာက္ေက်ာေပၚမွာ အိပ္ေစတဲ့ အေနအထားနဲ႔ သိပ္ပါ

Tuesday, July 14, 2015

The Three-Link Chain of Additction

 ဆေးလိပ်ကို စွဲလမ်းစေတဲ့ ကွင်းဆက်က သုံးမျိုး ရှိပါသတဲ့။ အဲဒါတွေကို သိပြီး အဲဒီကွင်းဆက်တွေကို ဖြတ်နိုင်မှ ဆေးလိပ်ဖြတ်လို့ အဆင်ပြေမှာပါ။

အဲဒါတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာစွဲလမ်းမှုတွေ ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာစွဲလမ်းမှုကတော့ ရှေ့ကပို့စ်တစ်ခုမှာ ပြောခဲ့ဖူးသလိုပါပဲ။
ဆေးလိပ်မှာ နီကိုတင်းပါတယ်။ အဲဒီနီကိုတင်းက ဦးနှောက်ကို ဒိုပါမင်းဆိုတဲ့ ဓာတုပစ္စည်းထုတ်ပေးစေတယ်။ ခဏတော့ သာယာကျေနပ်မှု ဖြစ်တယ်။ နီကိုတင်း မရှိတော့တာနဲ့ ရုပ်ပိုင်းဆိုင်ရာက တောင့်တမှုတွေ ဖြစ်တယ်။ အဲဒီမှာ ဆေးလိပ်ထပ်သောက်ချင်လာတယ်။

စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုကတော့ ဆေးလိပ်က သောက်ရင်းနဲ့ နေ့စဉ်ဘဝမှာ လုပ်ရိုးလုပ်စဉ် အစိတ်အပိုင်းတစ်ခုလို ဖြစ်လာတယ်။ ဆေးလိပ်သောက်သူတွေက တချို့အချိန်တွေ ရောက်လာတာနဲ့ မီးညှိမိတာမျိုး၊ တချို့ကိစ္စတွေကို လုပ်နေရင်းက ဆေးလိပ်သောက်တတ်တာမျိုး၊ တချို့ခံစားချက်တွေ ဝင်လာတာနဲ့ ဆေးလိပ်ကို ကိုင်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆေးလိပ်က ဆေးလိပ်သောက်သူတွေအတွက် အားထားရာ မိတ်ဆွေလို ဖြစ်နေ ခံစားနေရတာမျိုး ဖြစ်တတ်ပါတယ်။  ဆေးလိပ်ဖြတ်တဲ့အခါမှာ ဆေးလိပ်သောက်သူတွေက အဲဒီအပြုအမူတွေကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်ပြီး အဲဒီစိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေကို ကျော်လွှားဖို့ လိုအပ်ပါတယ်။

လူမှုရေးဆိုင်ရာစွဲလမ်းမှုကတော့ ဆေးလိပ်သောက်သူတွေက ဆေးလိပ်သောက်ရင်းနဲ့ အချင်းချင်း မိတ်ဆွေဖြစ်တာ၊ အဖွဲ့ကျတာတွေ ဖြစ်တတ်ပါတယ်။
မီးလေးတစ်တို့လောက်ဆိုတာနဲ့ စပြီး မိတ်ဆွေ၊ သူငယ်ချင်း ဖြစ်နိုင်ကြပါတယ်။
ဆေးလိပ်ဖြတ်မယ်ဆိုရင် အဲဒီလို ပုံစံတွေကို ပြန်ပြင်ရတာ၊ သင် အားလပ်ချိန်၊ နားနေချိန်တွေမှာ ဘယ်လို နေရာတွေမှာ အချိန်ဖြုန်းတတ်တယ်ဆိုတာတွေကို ပြန်သုံးသပ်ပြုပြင်တာတွေ ပြုလုပ်ဖို့ လိုအပ်ပါမယ်။

အဲဒီကွင်းဆက်တွေက သင့်ရဲ့ ဆေးလိပ်ဖြတ်ခြင်းကို နောက်ပြန်ဆွဲမနေစေပါနဲ့။
အဲဒါတွေကို ကျော်လွှားဖို့ ကြိုတင် အစီအစဉ်ရေးဆွဲခြင်းက သင် ထာဝရ ဆေးလိပ်ပြတ်သွားအောင် အကူအညီပေးနိုင်ပါတယ်တဲ့။


 ေဆးလိပ္ကို စြဲလမ္းေစတဲ့ ကြင္းဆက္က သံုးမ်ိဳး ရွိပါသတဲ့။ အဲဒါေတြကို သိၿပီး အဲဒီကြင္းဆက္ေတြကို ျဖတ္ႏိုင္မွ ေဆးလိပ္ျဖတ္လို႔ အဆင္ေျပမွာပါ။
အဲဒါေတြက ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ လူမႈေရးပိုင္းဆိုင္ရာစြဲလမ္းမႈေတြ ျဖစ္ပါတယ္။

ရုပ္ပိုင္းဆုိင္ရာစြဲလမ္းမႈကေတာ့ ေရွ႕ကပို႔စ္တစ္ခုမွာ ေျပာခဲ့ဖူးသလိုပါပဲ။
 ေဆးလိပ္မွာ နီကိုတင္းပါတယ္။ အဲဒီနီကိုတင္းက ဦးေႏွာက္ကို ဒိုပါမင္းဆိုတဲ့ ဓာတုပစၥည္းထုတ္ေပးေစတယ္။ ခဏေတာ့ သာယာေက်နပ္မႈ ျဖစ္တယ္။ နီကိုတင္း မရွိေတာ့တာနဲ႔ ရုပ္ပိုင္းဆိုင္ရာက ေတာင့္တမႈေတြ ျဖစ္တယ္။ အဲဒီမွာ ေဆးလိပ္ထပ္ေသာက္ခ်င္လာတယ္။

စိတ္ပိုင္းဆိုင္ရာစြဲလမ္းမႈကေတာ့ ေဆးလိပ္က ေသာက္ရင္းနဲ႔ ေန႔စဥ္ဘ၀မွာ လုပ္ရိုးလုပ္စဥ္ အစိတ္အပိုင္းတစ္ခုလို ျဖစ္လာတယ္။ ေဆးလိပ္ေသာက္သူေတြက တခ်ိဳ႕အခ်ိန္ေတြ ေရာက္လာတာနဲ႔ မီးညွိမိတာမ်ိဳး၊ တခ်ိဳ႕ကိစၥေတြကို လုပ္ေနရင္းက ေဆးလိပ္ေသာက္တတ္တာမ်ိဳး၊ တခ်ိဳ႕ခံစားခ်က္ေတြ ၀င္လာတာနဲ႔ ေဆးလိပ္ကို ကိုင္မိတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
 ေဆးလိပ္က ေဆးလိပ္ေသာက္သူေတြအတြက္ အားထားရာ မိတ္ေဆြလို ျဖစ္ေန ခံစားေနရတာမ်ိဳး ျဖစ္တတ္ပါတယ္။
 ေဆးလိပ္ျဖတ္တဲ့အခါမွာ ေဆးလိပ္ေသာက္သူေတြက အဲဒီအျပဳအမူေတြကို ပံုစံအသစ္နဲ႔ ျပန္လည္တည္ေဆာက္ၿပီး အဲဒီစိတ္ပိုင္းဆိုင္ရာ စြဲလမ္းမႈေတြကို ေက်ာ္လႊားဖုိ႔ လိုအပ္ပါတယ္။

လူမႈေရးဆိုင္ရာစြဲလမ္းမႈကေတာ့ ေဆးလိပ္ေသာက္သူေတြက ေဆးလိပ္ေသာက္ရင္းနဲ႔ အခ်င္းခ်င္း မိတ္ေဆြျဖစ္တာ၊ အဖြဲ႔က်တာေတြ ျဖစ္တတ္ပါတယ္။
မီးေလးတစ္တို႔ေလာက္ဆိုတာနဲ႔ စၿပီး မိတ္ေဆြ၊ သူငယ္ခ်င္း ျဖစ္ႏုိင္ၾကပါတယ္။
 ေဆးလိပ္ျဖတ္မယ္ဆိုရင္ အဲဒီလို ပံုစံေတြကို ျပန္ျပင္ရတာ၊ သင္ အားလပ္ခ်ိန္၊ နားေနခ်ိန္ေတြမွာ ဘယ္လို ေနရာေတြမွာ အခ်ိန္ျဖဳန္းတတ္တယ္ဆုိတာေတြကို ျပန္သုံးသပ္ျပဳျပင္တာေတြ ျပဳလုပ္ဖုိ႔ လိုအပ္ပါမယ္။

အဲဒီကြင္းဆက္ေတြက သင့္ရဲ ႔ ေဆးလိပ္ျဖတ္ျခင္းကို ေနာက္ျပန္ဆြဲမေနေစပါနဲ႔။
အဲဒါေတြကို ေက်ာ္လႊားဖို႔ ၾကိဳတင္ အစီအစဥ္ေရးဆြဲျခင္းက သင္ ထာ၀ရ ေဆးလိပ္ျပတ္သြားေအာင္ အကူအညီေပးႏိုင္ပါတယ္တဲ့။

https://www.quitterscircle.com/story/the-three-link-chain-of-addiction-physical-mental-and-social

Wednesday, July 1, 2015

How Nictoine Works in Brain

 ဆေးလိပ်သောက်ချိန်မှာ ဦးနှောက်ထဲက အပြောင်းအလဲကို ပြထားတဲ့ ဗွီဒီယို link ဖြစ်ပါတယ်။

ဗွီဒီယိုမှာပါတဲ့ အင်္ဂလိပ်စာသားတွေက အခုလို ဆိုထားပါတယ်။

သင် ဆေးလိပ်သောက်တဲ့ အချိန်မှာ နီကိုတင်းက ဆေးလိပ်ကနေ ဦးနှောက်ထဲကို စက္ကန့် ၁၀-၂၀ အတွင်း ရောက်သွားပါတယ်။
အဝါရောင်အစက်နဲ့ နေရာတွေက နီကိုတင်းကို ပြထားတာပါ။
နီကိုတင်းက ဦးနှောက်ထဲက နီကိုတင်းကို လက်ခံတဲ့ အရာ (receptor)ကို သွားပြီး တွယ်ပါတယ်။
အဲဒီဖြစ်ရပ်က ဦးနှောက်ကို ဒိုပါမင်းလို့ ခေါ်တဲ့ ဓာတုပစ္စည်းထုတ်ပေးအောင် အချက်ပေးပါတယ်။
ဒိုပါမင်းက သာယာကျေနပ်တဲ့ ခံစားမှုကို ပေးပါတယ်။ ဒါပေမယ့် အဲဒါက ကြာကြာမခံပါဘူး။
အဲဒီအချိန်မှာ သင်က ဆေးလိပ် နောက်တစ်လိပ်ကို သောက်ချင်လာပါတယ်။
စိမ်းပြာရောင်နေရာတွေက ဒိုပါမင်းကို ပြထားတာပါ။

 ေဆးလိပ္ေသာက္ခ်ိန္မွာ ဦးေႏွာက္ထဲက အေျပာင္းအလဲကို ျပထားတဲ့ ဗီြဒီယို link ျဖစ္ပါတယ္။
ဗြီဒီယိုမွာပါတဲ့ အဂၤလိပ္စာသားေတြက အခုလို ဆိုထားပါတယ္။
သင္ ေဆးလိပ္ေသာက္တဲ့ အခ်ိန္မွာ နီကိုတင္းက ေဆးလိပ္ကေန ဦးေႏွာက္ထဲကို စကၠန္႔ ၁၀-၂၀ အတြင္း ေရာက္သြားပါတယ္။
အ၀ါေရာင္အစက္နဲ႔ ေနရာေတြက နီကိုတင္းကို ျပထားတာပါ။
နီကိုတင္းက ဦးေႏွာက္ထဲက နီကိုတင္းကို လက္ခံတဲ့ အရာ (receptor)ကို သြားၿပီး တြယ္ပါတယ္။
အဲဒီျဖစ္ရပ္က ဦးေႏွာက္ကို ဒိုပါမင္းလို႔ ေခၚတဲ့ ဓာတုပစၥည္းထုတ္ေပးေအာင္ အခ်က္ေပးပါတယ္။
ဒိုပါမင္းက သာယာေက်နပ္တဲ့ ခံစားမႈကို ေပးပါတယ္။ ဒါေပမယ့္ အဲဒါက ၾကာၾကာမခံပါဘူး။
အဲဒီအခ်ိန္မွာ သင္က ေဆးလိပ္ ေနာက္တစ္လိပ္ကို ေသာက္ခ်င္လာပါတယ္။
စိမ္းျပာေရာင္ေနရာေတြက ဒိုပါမင္းကို ျပထားတာပါ။

https://www.quitterscircle.com/sites/default/files/nicotineMovie.mp4

Emotional Testimony of Oral Cancer Caused Due to Secondhand Smoke Exposure

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒိုစပရင်းမြို့က ရဲမှူးက တဆင့်ခံ ဆေးလိပ်ငွေ့နဲ့ ပတ်သက်လို့ ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်ပြောပြခြင်းပါ။

သူ့မိဘတွေကရော၊ အဖိုးအဖွားတွေကပါ ဆေးလိပ်ကို တစ်လိပ်ပြီးတစ်လိပ် ဆက်သောက်သူတွေ ဖြစ်ကြပါတယ်။
သူ ငယ်စဉ်က ဆေးလိပ်ငွေ့တွေ ကြားထဲမှာ နေထိုင်ကြီးပြင်းခဲ့ရတာပါ။
သူ့ညီမ/အစ်မက အသက်၃၄နှစ်အရွယ်မှာ ပြင်းထန်တဲ့ ရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
သူမက ဆေးလိပ်သောက်သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး။

သူ ကိုယ်တိုင်လည်း နှုတ်ခမ်းကင်ဆာ ဖြစ်ခဲ့လို့ ၁၉၉၉မှာ တစ်ကြိမ်၊ ၂၀၁၀မှာ တစ်ကြိမ် ခွဲစိတ်ခဲ့ရပါတယ်။ သူ့နှုတ်ခမ်းက ပလတ်စတစ်ဆာဂျင်တွေရဲ့ ကျေးဇူးကြောင့်သာ အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဆေးလိပ်နဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းခဲ့ကြလို့ အဲဒီလိုတွေ ဖြစ်ခဲ့ကြတာပါ။

ဆေးလိပ်အန္တရာယ်တွေကို သေချာစွာ စတင်သိရှိလာခဲ့တာ နှစ်  ၅၀ကျော်ပဲ ရှိပါသေးတယ်။
အခုအချိန် အသိပညာတွေကို စတင် လက်လှမ်းမီလာတဲ့ အချိန်မှာ တည့်တည့် မကြည့်ဘဲ ဆက်လက်ငြင်းပယ်နေဆဲ ရှိကြအုံးမှာလား။

ကိုယ်အချစ်ဆုံးသူတွေကို ရောဂါနဲ့ သေဆုံးခြင်းတွေ မျှ‌‌ဝေ အမွေပေးခဲ့ကြမှာလား။

အေမရိကန္ႏိုင္ငံ၊ ေကာ္လိုရာဒိုျပည္နယ္၊ ေကာ္လိုရာဒိုစပရင္းျမိဳ႕က ရဲမွဴးက တဆင့္ခံ ေဆးလိပ္ေငြ႔နဲ႔ ပတ္သက္လုိ႔ ကိုယ္ေတြ႔ျဖစ္ရပ္ကို ျပန္ေျပာျပျခင္းပါ။

သူ႔မိဘေတြကေရာ၊ အဖိုးအဖြားေတြကပါ ေဆးလိပ္ကို တစ္လိပ္ၿပီးတစ္လိပ္ ဆက္ေသာက္သူေတြ ျဖစ္ၾကပါတယ္။
သူ ငယ္စဥ္က ေဆးလိပ္ေငြ႔ေတြ ၾကားထဲမွာ ေနထိုင္ၾကီးျပင္းခဲ့ရတာပါ။
သူ႔ညီမ/အစ္မက အသက္၃၄ႏွစ္အရြယ္မွာ ျပင္းထန္တဲ့ ရင္ၾကပ္ေရာဂါနဲ႔ ကြယ္လြန္ခဲ့ရပါတယ္။
သူမက ေဆးလိပ္ေသာက္သူ တစ္ေယာက္ မဟုတ္ခဲ့ပါဘူး။

သူ ကိုယ္တိုင္လဲ ႏႈတ္ခမ္းကင္ဆာ ျဖစ္ခဲ့လို႔ ၁၉၉၉မွာ တစ္ၾကိမ္၊ ၂၀၁၀မွာ တစ္ၾကိမ္ ခြဲစိတ္ခဲ့ရပါတယ္။ သူ႔ႏႈတ္ခမ္းက ပလတ္စတစ္ဆာဂ်င္ေတြရဲ ႔ ေက်းဇူးေၾကာင့္သာ အစားထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ေဆးလိပ္နဲ႔ ပတ္သက္တဲ့ အသိပညာေတြ နည္းခဲ့ၾကလို႔ အဲဒီလိုေတြ ျဖစ္ခဲ့ၾကတာပါ။
 ေဆးလိပ္အႏၱရာယ္ေတြကို ေသခ်ာစြာ စတင္သိရွိလာခဲ့တာ ႏွစ္  ၅၀ေက်ာ္ပဲ ရွိပါေသးတယ္။

အခုအခ်ိန္ အသိပညာေတြကို စတင္ လက္လွမ္းမီလာတဲ့ အခ်ိန္မွာ တည့္တည့္ မၾကည့္ဘဲ ဆက္လက္ျငင္းပယ္ေနဆဲ ရွိၾကအံုးမွာလား။
ကိုယ္အခ်စ္ဆံုးသူေတြကို ေရာဂါနဲ႔ ေသဆံုးျခင္းေတြ မွ်ေ၀ အေမြေပးခဲ့ၾကမွာလား။

Wednesday, June 10, 2015

Benefits of Quitting

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာ http://www.who.int/tobacco/quitting/en_tfi_quitting_fact_sheet.pdf မှာ ဖော်ပြထားတဲ့ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

 ၁) ဆေးလိပ်ဖြတ်ခြင်းအားဖြင့် ဆေးလိပ်သောက်တဲ့ ဘယ်သူမဆို လက်ငင်းနဲ့ ရေရှည်အတွက် ရရှိနိုင်တဲ့ အကျိုးသက်ရောက်မှုတွေက ဆေးလိပ်ဖြတ်ပြီး
- မိနစ်၂၀အတွင်းမှာ - သင့်နှလုံးခုန်နှုန်းနဲ့ သွေးဖိအား လျော့ကျလာပါမယ်
- ၁၂နာရီအကြာ - သင့်သွေးထဲမှာ ရှိနေတဲ့ ကာဘွန်မိုနော့ဆိုက်ပမာဏက ပုံမှန်အနေအထားကို လျော့ကျသွားပါမယ်။
- ၂ ပတ်မှ ၁၂ ပတ်အကြာ - သင့်ရဲ့ သွေးလည်ပတ်မှု ပြန်မှန်လာပြီး သင့်အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေ ပြန်ကောင်းလာပါမယ်။
- ၁လမှ ၉လအကြာ - ချောင်းဆိုးခြင်းနဲ့ အသက်ရှူမဝခြင်းတွေ လျော့ကျလာပါမယ်။
- ၁နှစ်အကြာ - သင့် နှလုံးရောဂါဖြစ်နိုင်ခြေက ဆေးလိပ်သောက်နေသူတွေရဲ့ တစ်ဝက်ပဲ ကျန်ပါတော့တယ်။
- ၅နှစ်အကြာ - ဆေးလိပ်ဖြတ်ပြီး ၅နှစ်ကနေ ၁၅နှစ်အကြာမှာ သင့်လေဖြတ်နိုင်ခြေက ဆေးလိပ်မသောက်သူတွေနဲ့ တန်းတူအနေအထားကို ပြန်ရောက်သွားပါမယ်။
- ၁၀နှစ်အကြာ - သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေက ဆေးလိပ်သောက်နေသူတွေရဲ့ တစ်ဝက်ပဲ ကျန်ပါတော့တယ်။ ပါးစပ်၊ လည်ချောင်း၊ အစာရေမျို၊ ဆီးအိမ်၊ သားအိမ်ခေါင်း၊ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေတွေလဲ ကျဆင်းလာပါတယ်။
- ၁၅နှစ်အကြာ - နှလုံးရောဂါ ဖြစ်နိုင်ခြေက ဆေးလိပ်မသောက်သူတွေနဲ့ တန်းတူအနေအထားကို ပြန်ရောက်လာပါတယ်။

 ၂) ဆေးလိပ်ကြောင့် ရတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနှင့်ပြီးသား သူတွေမှာလဲ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
- အသက် ၃၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၁၀နှစ် ပိုနေရနိုင်ပါတယ်။
 - အသက်၄၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၉နှစ် ပိုနေရနိုင်ပါတယ်။
- အသက်၅၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၆နှစ် ပိုနေရနိုင်ပါတယ်။
- အသက်၆၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၃နှစ် ပိုနေရနိုင်ပါတယ်။
 - အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ရောဂါကို ခံစားရပြီးချိန်မှာ ဖြတ်ရင် - လျှင်မြန်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ နှလုံးအတက်ခ်ခံစားရသူတစ်ဦး ဆေးလိပ်ဖြတ်လိုက်ရင် သူ့မှာ နောက်ထပ်နှလုံးအတက်ခ် ရနိုင်ခြေ ၅၀% လျော့ကျသွားပါတယ်။

၃) မိမိ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင်က ကလေးတွေမှာ တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့် ပိုမိုမြင့်မားစွာ ရရှိခံစားနေကြရတဲ့ ရောဂါတွေ လျော့ကျသွားနိုင်ပါတယ်။ ဥပမာ - ပန်းနာရင်ကြပ်ခြင်းလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နားရောဂါတွေ

၄) ဆေးလိပ်ဖြတ်ခြင်းက ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကလေးမရနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးမွေးခြင်း၊ သားပျက်သားလျှောခြင်း ဖြစ်နိုင်ခြေတွေကို   လျော့ကျစေပါတယ်။


ကမၻာ့က်န္းမာေရးအဖြဲ႔ရဲ ႔ အင္တာနက္ စာမ်က္ႏွာ http://www.who.int/tobacco/quitting/en_tfi_quitting_fact_sheet.pdf မွာ ေဖာ္ျပထားတဲ့ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။

 ၁) ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ေဆးလိပ္ေသာက္တဲ့ ဘယ္သူမဆို လက္ငင္းနဲ႔ ေရရွည္အတြက္ ရရွိႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြက ေဆးလိပ္ျဖတ္ၿပီး -
- မိနစ္၂၀အတြင္းမွာ - သင့္ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးဖိအား ေလ်ာ့က်လာပါမယ္
- ၁၂နာရီအၾကာ - သင့္ေသြးထဲမွာ ရွိေနတဲ့ ကာဘြန္မိုေနာ့ဆိုက္ပမာဏက ပံုမွန္အေနအထားကို ေလ်ာ့က်သြားပါမယ္။
- ၂ ပတ္မွ ၁၂ ပတ္အၾကာ - သင့္ရဲ ႔ ေသြးလည္ပတ္မႈ ျပန္မွန္လာၿပီး သင့္အဆုတ္ရဲ ႔ လုပ္ေဆာင္ခ်က္ေတြ ျပန္ေကာင္းလာပါမယ္။
- ၁လမွ ၉လအၾကာ - ေခ်ာင္းဆိုးျခင္းနဲ႔ အသက္ရွဴမ၀ျခင္းေတြ ေလ်ာ့က်လာပါမယ္။
- ၁ႏွစ္အၾကာ - သင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခက ေဆးလိပ္ေသာက္ေနသူေတြရဲ ႔ တစ္၀က္ပဲ က်န္ပါေတာ့တယ္။
- ၅ႏွစ္အၾကာ - ေဆးလိပ္ျဖတ္ၿပီး ၅ႏွစ္ကေန ၁၅ႏွစ္အၾကာမွာ သင့္ေလျဖတ္ႏိုင္ေျခက ေဆးလိပ္မေသာက္သူေတြနဲ႔ တန္းတူအေနအထားကို ျပန္ေရာက္သြားပါမယ္။
- ၁၀ႏွစ္အၾကာ - သင့္မွာ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေျခက ေဆးလိပ္ေသာက္ေနသူေတြရဲ ႔ တစ္၀က္ပဲ က်န္ပါေတာ့တယ္။ ပါးစပ္၊ လည္ေခ်ာင္း၊ အစာေရမ်ိဳ၊ ဆီးအိမ္၊ သားအိမ္ေခါင္း၊ ပန္ကရိယကင္ဆာ ျဖစ္ႏိုင္ေျခေတြလဲ က်ဆင္းလာပါတယ္။
- ၁၅ႏွစ္အၾကာ - ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခက ေဆးလိပ္မေသာက္သူေတြနဲ႔ တန္းတူအေနအထားကို ျပန္ေရာက္္လာပါတယ္။

 ၂) ေဆးလိပ္ေၾကာင့္ ရတဲ့ က်န္းမာေရးျပႆ    နာေတြ ရွိႏွင့္ၿပီးသား သူေတြမွာလဲ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ေအာက္ပါ အက်ိဳးေက်းဇူးေတြကို ရရွိႏုိင္ပါတယ္။
- အသက္ ၃၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၁၀ႏွစ္ ပိုေနရႏိုင္ပါတယ္။
 - အသက္၄၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၉ႏွစ္ ပိုေနရႏိုင္ပါတယ္။
- အသက္၅၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၆ႏွစ္ ပိုေနရႏိုင္ပါတယ္။
- အသက္၆၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၃ႏွစ္ ပိုေနရႏိုင္ပါတယ္။
 - အသက္အႏၱရာယ္ထိခိုက္ႏိုင္တဲ့ ေရာဂါကို ခံစားရၿပီးခ်ိန္မွာ ျဖတ္ရင္ - လွ်င္ျမန္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ႏွလံုးအတက္ခ္ခံစားရသူတစ္ဦး ေဆးလိပ္ျဖတ္လိုက္ရင္ သူ႔မွာ ေနာက္ထပ္ႏွလံုးအတက္ခ္ ရႏိုင္ေျခ ၅၀% ေလ်ာ့က်သြားပါတယ္။

၃) မိမိ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ မိမိပတ္၀န္းက်င္က ကေလးေတြမွာ တဆင့္ခံ ေဆးလိပ္ေငြ႔ေတြေၾကာင့္ ပိုမိုျမင့္မားစြာ ရရွိခံစားေနၾကရတဲ့ ေရာဂါေတြ ေလ်ာ့က်သြားႏိုင္ပါတယ္။ ဥပမာ - ပန္းနာရင္ၾကပ္ျခင္းလို အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ၊ နားေရာဂါေတြ

၄) ေဆးလိပ္ျဖတ္ျခင္းက ပန္းေသပန္းညွိဳးျဖစ္ျခင္း၊ ကေလးမရႏိုင္ျခင္း၊ လမေစ့ဘဲ ကေလးေမြးျခင္း၊ ကိုယ္အေလးခ်ိန္မျပည့္တဲ့ ကေလးေမြးျခင္း၊ သားပ်က္သားေလွ်ာျခင္း ျဖစ္ႏိုင္ေျခေတြကို   ေလ်ာ့က်ေစပါတယ္။

Thursday, June 4, 2015

ကနေဒါနိုင်ငံမှ ဆေးရွက်ကြီးဆိုင်ရာ တရားစွဲဆိုမှု

ကနေဒါနိုင်ငံ Quebec ဒေသက အမြင့်ဆုံး တရားရုံးဖြစ်တဲ့ Quebec Superior Court က ဆေးလိပ်ကုမ္ပဏီ ၃ခုကို ၁၅ဘီလီယံဒေါ်လာ ပေးလျော်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒါက သမိုင်းတွင်မယ့် တရားရင်ဆိုင်မှု တစ်ခု ဖြစ်ပါတယ်။

ဒီအမှုကို နိုင်ခဲ့တာ လွယ်လွယ်ကလေးတော့ မဟုတ်ပါဘူး။ တရားရင်ဆိုင်ခဲ့ရတဲ့ ကာလက ၁၇နှစ်ကြာမြင့်ခဲ့ပါတယ်။ တရားစွဲဆိုခဲ့တာက Quebec ဒေသက ဆေးလိပ်သောက်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းနှစ်ခုကနေ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုမှာ လူတစ်သန်းလောက်ပါပါတယ်။
တရားစွဲဆိုတောင်းခံခဲ့တဲ့ ငွေကြေးပမာဏက ၂၇ဘီလီယံဒေါ်လာဖြစ်ပါတယ်။ ကနေဒါနိုင်ငံ သမိုင်းမှာ အကြီးမားဆုံးတရားမမှုလို့ ဆိုပါတယ်။
စွဲဆိုမှု တစ်ခုကို Blais File လို့ခေါ်ပါတယ်။ အဲဒီမှာ ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်ခဲ့ရသူတွေ ပါဝင်ပါတယ်။
အခြားစွဲဆိုမှု တစ်ခုကို Létourneau File လို့ ခေါ်ပါတယ်။ အဲဒီမှာ ပါဝင်သူတွေကတော့ ဆေးလိပ်ဖြတ်လို့ မရတဲ့သူတွေ ဖြစ်ပါတယ်။

စွဲဆိုချက်တွေက အခုလို ဖြစ်ပါတယ်။ ဆေးလိပ်ကုမ္ပဏီတွေက
- သောက်သုံးမယ့် သူတွေကို ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်ကို လုံလောက်အောင် သတိပေးထားခြင်း မရှိပါဘူး။
- ဆေးလိပ် ဆေးရွက်ကြီးရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို လျှော့တွက်ထားပါတယ်။
- ကျင့်ဝတ်သိက္ခာတွေနဲ့ မညီတဲ့ အရောင်းမြှင့်တင်မှုတွေကို ပြုလုပ်ကြပါတယ်။
- အထောက်အထားစာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်ကြပါတယ်။

အမိန့်ချမှတ်မှုအရ ဇန်နဝါရီ ၁၉၇၆ မတိုင်ခင် ဆေးလိပ်စသောက်ခဲ့ပြီး ကင်ဆာရောဂါ ရရှိသူတွေက တစ်ယောက်ကို ဒေါ်လာ တစ်သိန်း လျော်ကြေး ရရှိမှာ ဖြစ်ပါတယ်။ အဲဒီရက်နောက်ပိုင်းမှာမှ စသောက်ပြီး ကင်ဆာဖြစ်သူတွေက ဒေါ်လာကိုးသောင်းလျော်ကြေးရမှာ ဖြစ်ပါတယ်။
Emphysema လို့ခေါ်တဲ့ အဆုတ်ထဲမှာ လေအိတ်တွေနဲ့ ပြည့်နေတဲ့ ရောဂါကို ခံစားရသူတွေကတော့ ဇန်နဝါရီ ၁၉၇၆ မတိုင်ခင် ဆေးလိပ်စသောက်ခဲ့ရင် တစ်ယောက်ကို ဒေါ်လာ သုံးသောင်းရမှာဖြစ်ပြီး အဲဒီရက်နောက်ပိုင်းမှ စသောက်ခဲ့ရင် ဒေါ်လာနှစ်သောင်းလေးထောင်ရမှာ ဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်လို့ မရကြသူတွေကတော့ တစ်ယောက်ကို ဒေါ်လာ ၁၃၀စီ ရရှိကြမှာ ဖြစ်ပါတယ်။

ခင်ပွန်းသည်က ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာရပြီး ကွယ်လွန်သွားခဲ့တဲ့ Jean-Yves Blais က အဲဒီတရားစွဲဆိုမှု တစ်ခုကို စတင်ခဲ့သူ ဖြစ်ပါတယ်။ သူမက " စီးကရက်က ဘာလဲ ဆိုတာ သင်တို့ ခဏလေးလောက်များ ရပ်တန့်ပြီး စဉ်းစားဖြစ်ကြရဲ့လား၊ အဲဒါက သင့်ကို ဖျက်ဆီးပစ်နေတယ်၊ လုံးဝကို ဖျက်ဆီးပစ်နေတာ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရားစွဲဆိုသူတွေရဲ့ ရှေ့နေ Bruce Johnstonကတော့ "ဆေးလိပ်ကုမ္ပဏီတွေက လူတွေကို နှစ်၅၀ကြာအောင် လိမ်နေခဲ့တာ၊ လိမ်တာက ပူးပေါင်းပြီးတော့ကို လိမ်ကြတာ" လို့ ဆိုခဲ့ပါတယ်။
တရားစွဲဆိုခံရတဲ့ ကုမ္ပဏီတွေကJTI-Macdonald Corp.၊ Imperial Tobacco Canadaနဲ့ Rothmans Benson & Hedgesတို့ ဖြစ်ကြပါတယ်။

မူရင်းဆောင်းပါးအပြည့်အစုံကို အောက်က လင့်မှာ ဖတ်လို့ ရပါတယ်။
http://www.cbc.ca/news/canada/montreal/tobacco-companies-ordered-to-pay-15b-in-damages-1.3095963


ကေနဒါႏိုင္ငံ Quebec ေဒသက အျမင့္ဆံုး တရားရံုးျဖစ္တဲ့ Quebec Superior Court က ေဆးလိပ္ကုမၸဏီ ၃ခုကို ၁၅ဘီလီယံေဒၚလာ ေပးေလ်ာ္ဖုိ႔ အမိန္႔ခ်ခဲ့ပါတယ္။ ဒါက သမိုင္းတြင္မယ့္ တရားရင္ဆိုင္မႈ တစ္ခု ျဖစ္ပါတယ္။

ဒီအမႈကို ႏိုင္ခဲ့တာ လြယ္လြယ္ကေလးေတာ့ မဟုတ္ပါဘူး။ တရားရင္ဆုိင္ခဲ့ရတဲ့ ကာလက ၁၇ႏွစ္ၾကာျမင့္ခဲ့ပါတယ္။ တရားစြဲဆိုခဲ့တာက Quebec ေဒသက ေဆးလိပ္ေသာက္သူေတြကို ကိုယ္စားျပဳတဲ့ အဖြဲ႔အစည္းႏွစ္ခုကေန တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။ အဲဒီအဖြဲ႔ႏွစ္ခုမွာ လူတစ္သန္းေလာက္ပါပါတယ္။
တရားစြဲဆုိေတာင္းခံခဲ့တဲ့ ေငြေၾကးပမာဏက ၂၇ဘီလီယံေဒၚလာျဖစ္ပါတယ္။ ကေနဒါႏိုင္ငံ သမိုင္းမွာ အၾကီးမားဆံုးတရားမမႈလုိ႔ ဆိုပါတယ္။

စြဲဆိုမႈ တစ္ခုကို Blais File လို႔ေခၚပါတယ္။ အဲဒီမွာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးဆိုး၀ါးစြာ ထိခိုက္ခဲ့ရသူေတြ ပါ၀င္ပါတယ္။

အျခားစြဲဆုိမႈ တစ္ခုကို Létourneau File လို႔ ေခၚပါတယ္။ အဲဒီမွာ ပါ၀င္သူေတြကေတာ့ ေဆးလိပ္ျဖတ္လို႔ မရတဲ့သူေတြ ျဖစ္ပါတယ္။

စြဲဆိုခ်က္ေတြက အခုလို ျဖစ္ပါတယ္။ ေဆးလိပ္ကုမၸဏီေတြက
- ေသာက္သံုးမယ့္ သူေတြကို ေဆးလိပ္ေသာက္ျခင္းရဲ ႔ အႏၱရာယ္ကို လံုေလာက္ေအာင္ သတိေပးထားျခင္း မရွိပါဘူး။
- ေဆးလိပ္ ေဆးရြက္ၾကီးရဲ ႔ အႏၱရာယ္နဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြကို ေလွ်ာ့တြက္ထားပါတယ္။
- က်င့္၀တ္သိကၡာေတြနဲ႔ မညီတဲ့ အေရာင္းျမွင့္တင္မႈေတြကို ျပဳလုပ္ၾကပါတယ္။
- အေထာက္အထားစာရြက္စာတမ္းေတြကို ဖ်က္ဆီးပစ္ၾကပါတယ္။

အမိန္႔ခ်မွတ္မႈအရ ဇန္န၀ါရီ ၁၉၇၆ မတိုင္ခင္ ေဆးလိပ္စေသာက္ခဲ့ၿပီး ကင္ဆာေရာဂါ ရရွိသူေတြက တစ္ေယာက္ကို ေဒၚလာ တစ္သိန္း ေလ်ာ္ေၾကး ရရွိမွာ ျဖစ္ပါတယ္။ အဲဒီရက္ေနာက္ပိုင္းမွာမွ စေသာက္ၿပီး ကင္ဆာျဖစ္သူေတြက ေဒၚလာကိုးေသာင္းေလ်ာ္ေၾကးရမွာ ျဖစ္ပါတယ္။

Emphysema လို႔ေခၚတဲ့ အဆုတ္ထဲမွာ ေလအိတ္ေတြနဲ႔ ျပည့္ေနတဲ့ ေရာဂါကို ခံစားရသူေတြကေတာ့ ဇန္န၀ါရီ ၁၉၇၆ မတိုင္ခင္ ေဆးလိပ္စေသာက္ခဲ့ရင္ တစ္ေယာက္ကို ေဒၚလာ သံုးေသာင္းရမွာျဖစ္ၿပီး အဲဒီရက္ေနာက္ပိုင္းမွ စေသာက္ခဲ့ရင္ ေဒၚလာႏွစ္ေသာင္းေလးေထာင္ရမွာ ျဖစ္ပါတယ္။
ေဆးလိပ္ျဖတ္လို႔ မရၾကသူေတြကေတာ့ တစ္ေယာက္ကို ေဒၚလာ ၁၃၀စီ ရရွိၾကမွာ ျဖစ္ပါတယ္။
ခင္ပြန္းသည္က ေဆးလိပ္ေၾကာင့္ အဆုတ္ကင္ဆာရၿပီး ကြယ္လြန္သြားခဲ့တဲ့ Jean-Yves Blais က အဲဒီတရားစြဲဆိုမႈ တစ္ခုကို စတင္ခဲ့သူ ျဖစ္ပါတယ္။ သူမက " စီးကရက္က ဘာလဲ ဆိုတာ သင္တုိ႔ ခဏေလးေလာက္မ်ား ရပ္တန္႔ၿပီး စဥ္းစားျဖစ္ၾကရဲ ႔လား၊ အဲဒါက သင့္ကို ဖ်က္ဆီးပစ္ေနတယ္၊ လံုး၀ကို ဖ်က္ဆီးပစ္ေနတာ" လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တရားစြဲဆိုသူေတြရဲ ႔ ေရွ႕ေန Bruce Johnstonကေတာ့ "ေဆးလိပ္ကုမၸဏီေတြက လူေတြကို ႏွစ္၅၀ၾကာေအာင္ လိမ္ေနခဲ့တာ၊ လိမ္တာက ပူးေပါင္းၿပီးေတာ့ကို လိမ္ၾကတာ" လို႔ ဆိုခဲ့ပါတယ္။

တရားစြဲဆိုခံရတဲ့ ကုမၸဏီေတြကJTI-Macdonald Corp.၊ Imperial Tobacco Canadaနဲ႔ Rothmans Benson & Hedgesတို႔ ျဖစ္ၾကပါတယ္။

မူရင္းေဆာင္းပါးအျပည့္အစံုကို ေအာက္က လင့္မွာ ဖတ္လို႔ ရပါတယ္။
http://www.cbc.ca/news/canada/montreal/tobacco-companies-ordered-to-pay-15b-in-damages-1.3095963