Saturday, August 22, 2015

Individual Level (တစ်ဦးချင်းအဆင့်)

ဆေးလိပ် ဆေးရွက်ကြီးနဲ့ ပတ်သက်လို့ တစ်ဦးတစ်ယောက်ချင်း အဆင့်မှာ ဆောင်ရွက်နိုင်တာကတော့ ဆေးလိပ်ငွေ့တွေက သေတတ်တယ်ဆိုတာကို သိထား၊ သတိထားဖို့ပါ။

ဆေးလိပ် မသောက်သူတွေက ကိုယ့်အခွင့်အရေး၊ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အခွင့်အရေးအတွက် ပြောပြ တောင်းဆိုနိုင်ပါတယ်။
အမြဲတမ်းတော့ အောင်မြင်မှာ မဟုတ်ပေမယ့် ပြောသူတွေ များလာရင် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလာပါမယ်။

ဆေးလိပ်သောက်သူတွေကလဲ မိမိရဲ့ ဆေးလိပ်ငွေ့တွေက သူတစ်ပါး ထိခိုက်ဖို့ မဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်။

  • အလုံပိတ် အခန်းထဲတွေ၊
  • ကားထဲတွေ၊
  • အလုံပိတ်အခန်းနဲ့ ဆက်နေတဲ့ နေရာတွေ
  • အခြားသူတွေရဲ့ အနားမှာတွေကို

တတ်နိုင်သ‌မျှ ရှောင်သင့်ပါတယ်။
အဲဒီလို ရှောင်ခြင်းက ကောင်းမှု ပြုတာပါပဲ။

တဒင်္ဂ ဆေးလိပ် မသောက်ရခြင်း၊ နေရာရွေး ဆေးလိပ်သောက်ရခြင်းတွေက စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းနိုင်ပေမယ့် သင့်ကို သေစေမှာ၊ ရောဂါရစေမှာတော့ မဟုတ်ပါဘူး။

ေဆးလိပ္ ေဆးရြက္ၾကီးနဲ႔ ပတ္သက္လိုု႔ တစ္ဦးတစ္ေယာက္ခ်င္း အဆင့္မွာ ေဆာင္ရြက္ႏုုိင္တာကေတာ့ ေဆးလိပ္ေငြ႔ေတြက ေသတတ္တယ္ဆုုိတာကိုု သိထား၊ သတိထားဖုုိ႔ပါ။

ေဆးလိပ္ မေသာက္သူေတြက ကိုုယ့္အခြင့္အေရး၊ ကိုုယ့္မိသားစုုနဲ႔ ကိုုယ့္ပတ္၀န္းက်င္က လူေတြရဲ႕ အခြင့္အေရးအတြက္ ေျပာျပ ေတာင္းဆိုုႏိုုင္ပါတယ္။
အျမဲတမ္းေတာ့ ေအာင္ျမင္မွာ မဟုုတ္ေပမယ့္ ေျပာသူေတြ မ်ားလာရင္ အတိုုင္းအတာတစ္ခုုအထိ ေျပာင္းလဲလာပါမယ္။

ေဆးလိပ္ေသာက္သူေတြကလဲ မိမိရဲ႕ ေဆးလိပ္ေငြ႔ေတြက သူတစ္ပါး ထိခိုုက္ဖိုု႔ မျဖစ္ေအာင္ ၾကိဳးစားေဆာင္ရြက္သင့္ပါတယ္။
အလံုုပိတ္ အခန္းထဲေတြ၊
ကားထဲေတြ၊
အလံုုပိတ္အခန္းနဲ႔ ဆက္ေနတဲ့ ေနရာေတြ
အျခားသူေတြရဲ႕ အနားမွာေတြကိုု
တတ္ႏုုိင္သမ ွ် ေရွာင္သင့္ပါတယ္။
အဲဒီလိုု ေရွာင္ျခင္းက ေကာင္းမႈ ျပဳတာပါပဲ။
တဒဂၤ ေဆးလိပ္ မေသာက္ရျခင္း၊ ေနရာေရြး ေဆးလိပ္ေသာက္ရျခင္းေတြက စိတ္အေႏွာက္အယွက္ ျဖစ္စရာ ေကာင္းႏိုုင္ေပမယ့္ သင့္ကိုု ေသေစမွာ၊ ေရာဂါရေစမွာေတာ့ မဟုုတ္ပါဘူး။





No comments:

Post a Comment