Saturday, March 22, 2014

ကလေးငယ်တွေကို ဆေးလိပ်ငွေ့ အန္တရာယ်မှ ကာကွယ်ပေးကြဖို့ ...

 ကျောင်းပိတ်ရက်ကာလတွေမှာ တခြားသူတွေကို သင့်ကလေးတွေ နားမှာ ဆေးလိပ် မသောက်စေခြင်းနဲ့ သင့်ကလေးတွေကို တဆင့်ခံ ဆေးလိပ်ငွေ့တွေကနေ ကာကွယ်ပေးပါ။
 ပြောသင့်ပြောထိုက်တာတွေကို ပြောဆိုတားမြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးပါလို့ အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ (CDC) ကပြောဆို တိုက်တွန်းထားပါတယ်။
အဲဒီလို ပြောဆိုတားမြစ်ခြင်းက ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို လိုက်လံဖြေရှင်းရခြင်းထက် ပိုပြီး လွယ်ကူပါတယ်လို့လဲ ဆိုထားပါတယ်။
တဆင့်ခံဆေးလိပ်ငွေ့ကြောင့် လက်ငင်း သေလုမျောပါး ဒုက္ခရောက်ခဲ့ရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက် အကြောင်း ရိုက်ပြထားတဲ့ ဗွီဒီယိုကလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ (CDC)ရဲ့ ဆေးလိပ်သောက်ခဲ့သူများထံမှ လက်တွေ့ကျသော အကြံပြုချက် အစီအစဉ်ထဲက ဗွီဒီယို တစ်ခု ဖြစ်ပါတယ်။ သူ့နာမည်က အေဒင်ဖြစ်ပြီး အသက်က ၇နှစ်အရွယ် ဖြစ်ပါတယ်။ အေဒင့်မှာ ရင်ကြပ်ဝေဒနာ ရှိပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့တွေက အေဒင်ရဲ့ ရင်ကြပ်ဝေဒနာကို အလွန်အမင်း ဆိုးရွားစေခဲ့တဲ့အတွက် သူဟာ အရေးပေါ်ဌာနမှာ ညပေါင်းများစွာ နေခဲ့ရပါတယ်။ အခုအချိန်မှာ အသက်ရှင်ဖို့ ဆေးတွေ အများကြီးကိုလဲ သောက်နေရပါတယ်။
ဒါကြောင့် သူ့အမေက မိမိရဲ့ ကလေးနားမှာ ဆေးလိပ်လာသောက်သူတွေကို ပြောဆို တားမြစ်ဖို့ မရှက်ကြပါနဲ့ (ဒီမှာဆိုရင်တော့ အားမနာပါနဲ့လို့ ပြောရမယ်ထင်ပါတယ်)လို့ အခြားသူတွေကို အကြံပြုထားခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment