Sunday, March 23, 2014

ဆေးလိပ်နှင့် အခြားဆေးရွက်ကြီးထွက်ပစ္စည်းများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိခိုက်မှုပြ စာမျက်နှာ

 ဆေးလိပ်နဲ့ အခြားဆေးရွက်ကြီးထွက် ပစ္စည်းတွေကို သုံးစွဲရင် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်လို ထိခိုက်သလဲ ဆိုတာကို ရုပ်ပုံနဲ့ တွဲပြီး ကြည့်နိုင်တဲ့ စာမျက်နှာကို http://tobaccobody.fi/ မှာ တွေ့နိုင်ပါတယ်။
ယောက်ျားမှာ ထိခိုက်မှု၊ မိန်းမမှာ ထိခိုက်မှုတွေကို သီးခြားစီ ခွဲကြည့်လို့ ရပါတယ်။

 အောက်က ပုံမှာ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးရခြင်းကို http://tobaccobody.fi/ မှာ ဘယ်လို ကြည့်လို့ ရသလဲ ဆိုတာကို နမူနာ ပြထားပါတယ်။
အမျိုးသမီး ပုံကို ရွေးချယ်ပြီး အရေတွန့်မှု (WRINKLES) ဆိုတဲ့ စာလုံးကို ရွေးချယ်လိုက်ရင် ဆေးလိပ်သောက်သူတွေမှာ ဆေးလိပ်ငွေ့ကြောင့် အရေပြားက ကိုလာဂျင်နဲ့  အီလာစတင် (အလှကုန်ကြော်ငြာတွေမှာ ဒါတွေ အကြောင်း ကြားဖူးပြီး ဖြစ်ကြမှာပါ) ပမာဏ လျော့ကျသွားပြီး အရေပြားတင်းမာမှုကို သွားရောက်ထိခိုက်စေပါတယ်၊ ဒါကြောင့် ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ၅ဆပိုပြီး ပါးရေတွန့်တာ၊ အရေးအကြောင်းပိုပေါ်တာတွေ ဖြစ်နိုင်ပါတယ်လို့ နှိုင်းယှဉ်ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

No comments:

Post a Comment