Wednesday, June 10, 2015

Benefits of Quitting

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာ http://www.who.int/tobacco/quitting/en_tfi_quitting_fact_sheet.pdf မှာ ဖော်ပြထားတဲ့ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

 ၁) ဆေးလိပ်ဖြတ်ခြင်းအားဖြင့် ဆေးလိပ်သောက်တဲ့ ဘယ်သူမဆို လက်ငင်းနဲ့ ရေရှည်အတွက် ရရှိနိုင်တဲ့ အကျိုးသက်ရောက်မှုတွေက ဆေးလိပ်ဖြတ်ပြီး
- မိနစ်၂၀အတွင်းမှာ - သင့်နှလုံးခုန်နှုန်းနဲ့ သွေးဖိအား လျော့ကျလာပါမယ်
- ၁၂နာရီအကြာ - သင့်သွေးထဲမှာ ရှိနေတဲ့ ကာဘွန်မိုနော့ဆိုက်ပမာဏက ပုံမှန်အနေအထားကို လျော့ကျသွားပါမယ်။
- ၂ ပတ်မှ ၁၂ ပတ်အကြာ - သင့်ရဲ့ သွေးလည်ပတ်မှု ပြန်မှန်လာပြီး သင့်အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေ ပြန်ကောင်းလာပါမယ်။
- ၁လမှ ၉လအကြာ - ချောင်းဆိုးခြင်းနဲ့ အသက်ရှူမဝခြင်းတွေ လျော့ကျလာပါမယ်။
- ၁နှစ်အကြာ - သင့် နှလုံးရောဂါဖြစ်နိုင်ခြေက ဆေးလိပ်သောက်နေသူတွေရဲ့ တစ်ဝက်ပဲ ကျန်ပါတော့တယ်။
- ၅နှစ်အကြာ - ဆေးလိပ်ဖြတ်ပြီး ၅နှစ်ကနေ ၁၅နှစ်အကြာမှာ သင့်လေဖြတ်နိုင်ခြေက ဆေးလိပ်မသောက်သူတွေနဲ့ တန်းတူအနေအထားကို ပြန်ရောက်သွားပါမယ်။
- ၁၀နှစ်အကြာ - သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေက ဆေးလိပ်သောက်နေသူတွေရဲ့ တစ်ဝက်ပဲ ကျန်ပါတော့တယ်။ ပါးစပ်၊ လည်ချောင်း၊ အစာရေမျို၊ ဆီးအိမ်၊ သားအိမ်ခေါင်း၊ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေတွေလဲ ကျဆင်းလာပါတယ်။
- ၁၅နှစ်အကြာ - နှလုံးရောဂါ ဖြစ်နိုင်ခြေက ဆေးလိပ်မသောက်သူတွေနဲ့ တန်းတူအနေအထားကို ပြန်ရောက်လာပါတယ်။

 ၂) ဆေးလိပ်ကြောင့် ရတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနှင့်ပြီးသား သူတွေမှာလဲ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
- အသက် ၃၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၁၀နှစ် ပိုနေရနိုင်ပါတယ်။
 - အသက်၄၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၉နှစ် ပိုနေရနိုင်ပါတယ်။
- အသက်၅၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၆နှစ် ပိုနေရနိုင်ပါတယ်။
- အသက်၆၀ အရွယ်မှာ ဖြတ်ရင် - နေရမယ်လို့ ခန့်မှန်းထားတဲ့ အသက်ထက် ၃နှစ် ပိုနေရနိုင်ပါတယ်။
 - အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ရောဂါကို ခံစားရပြီးချိန်မှာ ဖြတ်ရင် - လျှင်မြန်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ နှလုံးအတက်ခ်ခံစားရသူတစ်ဦး ဆေးလိပ်ဖြတ်လိုက်ရင် သူ့မှာ နောက်ထပ်နှလုံးအတက်ခ် ရနိုင်ခြေ ၅၀% လျော့ကျသွားပါတယ်။

၃) မိမိ ဆေးလိပ်ဖြတ်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင်က ကလေးတွေမှာ တဆင့်ခံ ဆေးလိပ်ငွေ့တွေကြောင့် ပိုမိုမြင့်မားစွာ ရရှိခံစားနေကြရတဲ့ ရောဂါတွေ လျော့ကျသွားနိုင်ပါတယ်။ ဥပမာ - ပန်းနာရင်ကြပ်ခြင်းလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နားရောဂါတွေ

၄) ဆေးလိပ်ဖြတ်ခြင်းက ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကလေးမရနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးမွေးခြင်း၊ သားပျက်သားလျှောခြင်း ဖြစ်နိုင်ခြေတွေကို   လျော့ကျစေပါတယ်။


ကမၻာ့က်န္းမာေရးအဖြဲ႔ရဲ ႔ အင္တာနက္ စာမ်က္ႏွာ http://www.who.int/tobacco/quitting/en_tfi_quitting_fact_sheet.pdf မွာ ေဖာ္ျပထားတဲ့ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူးေတြ ျဖစ္ပါတယ္။

 ၁) ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ေဆးလိပ္ေသာက္တဲ့ ဘယ္သူမဆို လက္ငင္းနဲ႔ ေရရွည္အတြက္ ရရွိႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြက ေဆးလိပ္ျဖတ္ၿပီး -
- မိနစ္၂၀အတြင္းမွာ - သင့္ႏွလံုးခုန္ႏႈန္းနဲ႔ ေသြးဖိအား ေလ်ာ့က်လာပါမယ္
- ၁၂နာရီအၾကာ - သင့္ေသြးထဲမွာ ရွိေနတဲ့ ကာဘြန္မိုေနာ့ဆိုက္ပမာဏက ပံုမွန္အေနအထားကို ေလ်ာ့က်သြားပါမယ္။
- ၂ ပတ္မွ ၁၂ ပတ္အၾကာ - သင့္ရဲ ႔ ေသြးလည္ပတ္မႈ ျပန္မွန္လာၿပီး သင့္အဆုတ္ရဲ ႔ လုပ္ေဆာင္ခ်က္ေတြ ျပန္ေကာင္းလာပါမယ္။
- ၁လမွ ၉လအၾကာ - ေခ်ာင္းဆိုးျခင္းနဲ႔ အသက္ရွဴမ၀ျခင္းေတြ ေလ်ာ့က်လာပါမယ္။
- ၁ႏွစ္အၾကာ - သင့္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခက ေဆးလိပ္ေသာက္ေနသူေတြရဲ ႔ တစ္၀က္ပဲ က်န္ပါေတာ့တယ္။
- ၅ႏွစ္အၾကာ - ေဆးလိပ္ျဖတ္ၿပီး ၅ႏွစ္ကေန ၁၅ႏွစ္အၾကာမွာ သင့္ေလျဖတ္ႏိုင္ေျခက ေဆးလိပ္မေသာက္သူေတြနဲ႔ တန္းတူအေနအထားကို ျပန္ေရာက္သြားပါမယ္။
- ၁၀ႏွစ္အၾကာ - သင့္မွာ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေျခက ေဆးလိပ္ေသာက္ေနသူေတြရဲ ႔ တစ္၀က္ပဲ က်န္ပါေတာ့တယ္။ ပါးစပ္၊ လည္ေခ်ာင္း၊ အစာေရမ်ိဳ၊ ဆီးအိမ္၊ သားအိမ္ေခါင္း၊ ပန္ကရိယကင္ဆာ ျဖစ္ႏိုင္ေျခေတြလဲ က်ဆင္းလာပါတယ္။
- ၁၅ႏွစ္အၾကာ - ႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခက ေဆးလိပ္မေသာက္သူေတြနဲ႔ တန္းတူအေနအထားကို ျပန္ေရာက္္လာပါတယ္။

 ၂) ေဆးလိပ္ေၾကာင့္ ရတဲ့ က်န္းမာေရးျပႆ    နာေတြ ရွိႏွင့္ၿပီးသား သူေတြမွာလဲ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ ေအာက္ပါ အက်ိဳးေက်းဇူးေတြကို ရရွိႏုိင္ပါတယ္။
- အသက္ ၃၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၁၀ႏွစ္ ပိုေနရႏိုင္ပါတယ္။
 - အသက္၄၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၉ႏွစ္ ပိုေနရႏိုင္ပါတယ္။
- အသက္၅၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၆ႏွစ္ ပိုေနရႏိုင္ပါတယ္။
- အသက္၆၀ အရြယ္မွာ ျဖတ္ရင္ - ေနရမယ္လုိ႔ ခန္႔မွန္းထားတဲ့ အသက္ထက္ ၃ႏွစ္ ပိုေနရႏိုင္ပါတယ္။
 - အသက္အႏၱရာယ္ထိခိုက္ႏိုင္တဲ့ ေရာဂါကို ခံစားရၿပီးခ်ိန္မွာ ျဖတ္ရင္ - လွ်င္ျမန္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ႏွလံုးအတက္ခ္ခံစားရသူတစ္ဦး ေဆးလိပ္ျဖတ္လိုက္ရင္ သူ႔မွာ ေနာက္ထပ္ႏွလံုးအတက္ခ္ ရႏိုင္ေျခ ၅၀% ေလ်ာ့က်သြားပါတယ္။

၃) မိမိ ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ မိမိပတ္၀န္းက်င္က ကေလးေတြမွာ တဆင့္ခံ ေဆးလိပ္ေငြ႔ေတြေၾကာင့္ ပိုမိုျမင့္မားစြာ ရရွိခံစားေနၾကရတဲ့ ေရာဂါေတြ ေလ်ာ့က်သြားႏိုင္ပါတယ္။ ဥပမာ - ပန္းနာရင္ၾကပ္ျခင္းလို အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ၊ နားေရာဂါေတြ

၄) ေဆးလိပ္ျဖတ္ျခင္းက ပန္းေသပန္းညွိဳးျဖစ္ျခင္း၊ ကေလးမရႏိုင္ျခင္း၊ လမေစ့ဘဲ ကေလးေမြးျခင္း၊ ကိုယ္အေလးခ်ိန္မျပည့္တဲ့ ကေလးေမြးျခင္း၊ သားပ်က္သားေလွ်ာျခင္း ျဖစ္ႏိုင္ေျခေတြကို   ေလ်ာ့က်ေစပါတယ္။

Thursday, June 4, 2015

ကနေဒါနိုင်ငံမှ ဆေးရွက်ကြီးဆိုင်ရာ တရားစွဲဆိုမှု

ကနေဒါနိုင်ငံ Quebec ဒေသက အမြင့်ဆုံး တရားရုံးဖြစ်တဲ့ Quebec Superior Court က ဆေးလိပ်ကုမ္ပဏီ ၃ခုကို ၁၅ဘီလီယံဒေါ်လာ ပေးလျော်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒါက သမိုင်းတွင်မယ့် တရားရင်ဆိုင်မှု တစ်ခု ဖြစ်ပါတယ်။

ဒီအမှုကို နိုင်ခဲ့တာ လွယ်လွယ်ကလေးတော့ မဟုတ်ပါဘူး။ တရားရင်ဆိုင်ခဲ့ရတဲ့ ကာလက ၁၇နှစ်ကြာမြင့်ခဲ့ပါတယ်။ တရားစွဲဆိုခဲ့တာက Quebec ဒေသက ဆေးလိပ်သောက်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းနှစ်ခုကနေ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုမှာ လူတစ်သန်းလောက်ပါပါတယ်။
တရားစွဲဆိုတောင်းခံခဲ့တဲ့ ငွေကြေးပမာဏက ၂၇ဘီလီယံဒေါ်လာဖြစ်ပါတယ်။ ကနေဒါနိုင်ငံ သမိုင်းမှာ အကြီးမားဆုံးတရားမမှုလို့ ဆိုပါတယ်။
စွဲဆိုမှု တစ်ခုကို Blais File လို့ခေါ်ပါတယ်။ အဲဒီမှာ ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်ခဲ့ရသူတွေ ပါဝင်ပါတယ်။
အခြားစွဲဆိုမှု တစ်ခုကို Létourneau File လို့ ခေါ်ပါတယ်။ အဲဒီမှာ ပါဝင်သူတွေကတော့ ဆေးလိပ်ဖြတ်လို့ မရတဲ့သူတွေ ဖြစ်ပါတယ်။

စွဲဆိုချက်တွေက အခုလို ဖြစ်ပါတယ်။ ဆေးလိပ်ကုမ္ပဏီတွေက
- သောက်သုံးမယ့် သူတွေကို ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်ကို လုံလောက်အောင် သတိပေးထားခြင်း မရှိပါဘူး။
- ဆေးလိပ် ဆေးရွက်ကြီးရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို လျှော့တွက်ထားပါတယ်။
- ကျင့်ဝတ်သိက္ခာတွေနဲ့ မညီတဲ့ အရောင်းမြှင့်တင်မှုတွေကို ပြုလုပ်ကြပါတယ်။
- အထောက်အထားစာရွက်စာတမ်းတွေကို ဖျက်ဆီးပစ်ကြပါတယ်။

အမိန့်ချမှတ်မှုအရ ဇန်နဝါရီ ၁၉၇၆ မတိုင်ခင် ဆေးလိပ်စသောက်ခဲ့ပြီး ကင်ဆာရောဂါ ရရှိသူတွေက တစ်ယောက်ကို ဒေါ်လာ တစ်သိန်း လျော်ကြေး ရရှိမှာ ဖြစ်ပါတယ်။ အဲဒီရက်နောက်ပိုင်းမှာမှ စသောက်ပြီး ကင်ဆာဖြစ်သူတွေက ဒေါ်လာကိုးသောင်းလျော်ကြေးရမှာ ဖြစ်ပါတယ်။
Emphysema လို့ခေါ်တဲ့ အဆုတ်ထဲမှာ လေအိတ်တွေနဲ့ ပြည့်နေတဲ့ ရောဂါကို ခံစားရသူတွေကတော့ ဇန်နဝါရီ ၁၉၇၆ မတိုင်ခင် ဆေးလိပ်စသောက်ခဲ့ရင် တစ်ယောက်ကို ဒေါ်လာ သုံးသောင်းရမှာဖြစ်ပြီး အဲဒီရက်နောက်ပိုင်းမှ စသောက်ခဲ့ရင် ဒေါ်လာနှစ်သောင်းလေးထောင်ရမှာ ဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်လို့ မရကြသူတွေကတော့ တစ်ယောက်ကို ဒေါ်လာ ၁၃၀စီ ရရှိကြမှာ ဖြစ်ပါတယ်။

ခင်ပွန်းသည်က ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာရပြီး ကွယ်လွန်သွားခဲ့တဲ့ Jean-Yves Blais က အဲဒီတရားစွဲဆိုမှု တစ်ခုကို စတင်ခဲ့သူ ဖြစ်ပါတယ်။ သူမက " စီးကရက်က ဘာလဲ ဆိုတာ သင်တို့ ခဏလေးလောက်များ ရပ်တန့်ပြီး စဉ်းစားဖြစ်ကြရဲ့လား၊ အဲဒါက သင့်ကို ဖျက်ဆီးပစ်နေတယ်၊ လုံးဝကို ဖျက်ဆီးပစ်နေတာ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရားစွဲဆိုသူတွေရဲ့ ရှေ့နေ Bruce Johnstonကတော့ "ဆေးလိပ်ကုမ္ပဏီတွေက လူတွေကို နှစ်၅၀ကြာအောင် လိမ်နေခဲ့တာ၊ လိမ်တာက ပူးပေါင်းပြီးတော့ကို လိမ်ကြတာ" လို့ ဆိုခဲ့ပါတယ်။
တရားစွဲဆိုခံရတဲ့ ကုမ္ပဏီတွေကJTI-Macdonald Corp.၊ Imperial Tobacco Canadaနဲ့ Rothmans Benson & Hedgesတို့ ဖြစ်ကြပါတယ်။

မူရင်းဆောင်းပါးအပြည့်အစုံကို အောက်က လင့်မှာ ဖတ်လို့ ရပါတယ်။
http://www.cbc.ca/news/canada/montreal/tobacco-companies-ordered-to-pay-15b-in-damages-1.3095963


ကေနဒါႏိုင္ငံ Quebec ေဒသက အျမင့္ဆံုး တရားရံုးျဖစ္တဲ့ Quebec Superior Court က ေဆးလိပ္ကုမၸဏီ ၃ခုကို ၁၅ဘီလီယံေဒၚလာ ေပးေလ်ာ္ဖုိ႔ အမိန္႔ခ်ခဲ့ပါတယ္။ ဒါက သမိုင္းတြင္မယ့္ တရားရင္ဆိုင္မႈ တစ္ခု ျဖစ္ပါတယ္။

ဒီအမႈကို ႏိုင္ခဲ့တာ လြယ္လြယ္ကေလးေတာ့ မဟုတ္ပါဘူး။ တရားရင္ဆုိင္ခဲ့ရတဲ့ ကာလက ၁၇ႏွစ္ၾကာျမင့္ခဲ့ပါတယ္။ တရားစြဲဆိုခဲ့တာက Quebec ေဒသက ေဆးလိပ္ေသာက္သူေတြကို ကိုယ္စားျပဳတဲ့ အဖြဲ႔အစည္းႏွစ္ခုကေန တရားစြဲဆုိခဲ့တာျဖစ္ပါတယ္။ အဲဒီအဖြဲ႔ႏွစ္ခုမွာ လူတစ္သန္းေလာက္ပါပါတယ္။
တရားစြဲဆုိေတာင္းခံခဲ့တဲ့ ေငြေၾကးပမာဏက ၂၇ဘီလီယံေဒၚလာျဖစ္ပါတယ္။ ကေနဒါႏိုင္ငံ သမိုင္းမွာ အၾကီးမားဆံုးတရားမမႈလုိ႔ ဆိုပါတယ္။

စြဲဆိုမႈ တစ္ခုကို Blais File လို႔ေခၚပါတယ္။ အဲဒီမွာ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ က်န္းမာေရးဆိုး၀ါးစြာ ထိခိုက္ခဲ့ရသူေတြ ပါ၀င္ပါတယ္။

အျခားစြဲဆုိမႈ တစ္ခုကို Létourneau File လို႔ ေခၚပါတယ္။ အဲဒီမွာ ပါ၀င္သူေတြကေတာ့ ေဆးလိပ္ျဖတ္လို႔ မရတဲ့သူေတြ ျဖစ္ပါတယ္။

စြဲဆိုခ်က္ေတြက အခုလို ျဖစ္ပါတယ္။ ေဆးလိပ္ကုမၸဏီေတြက
- ေသာက္သံုးမယ့္ သူေတြကို ေဆးလိပ္ေသာက္ျခင္းရဲ ႔ အႏၱရာယ္ကို လံုေလာက္ေအာင္ သတိေပးထားျခင္း မရွိပါဘူး။
- ေဆးလိပ္ ေဆးရြက္ၾကီးရဲ ႔ အႏၱရာယ္နဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြကို ေလွ်ာ့တြက္ထားပါတယ္။
- က်င့္၀တ္သိကၡာေတြနဲ႔ မညီတဲ့ အေရာင္းျမွင့္တင္မႈေတြကို ျပဳလုပ္ၾကပါတယ္။
- အေထာက္အထားစာရြက္စာတမ္းေတြကို ဖ်က္ဆီးပစ္ၾကပါတယ္။

အမိန္႔ခ်မွတ္မႈအရ ဇန္န၀ါရီ ၁၉၇၆ မတိုင္ခင္ ေဆးလိပ္စေသာက္ခဲ့ၿပီး ကင္ဆာေရာဂါ ရရွိသူေတြက တစ္ေယာက္ကို ေဒၚလာ တစ္သိန္း ေလ်ာ္ေၾကး ရရွိမွာ ျဖစ္ပါတယ္။ အဲဒီရက္ေနာက္ပိုင္းမွာမွ စေသာက္ၿပီး ကင္ဆာျဖစ္သူေတြက ေဒၚလာကိုးေသာင္းေလ်ာ္ေၾကးရမွာ ျဖစ္ပါတယ္။

Emphysema လို႔ေခၚတဲ့ အဆုတ္ထဲမွာ ေလအိတ္ေတြနဲ႔ ျပည့္ေနတဲ့ ေရာဂါကို ခံစားရသူေတြကေတာ့ ဇန္န၀ါရီ ၁၉၇၆ မတိုင္ခင္ ေဆးလိပ္စေသာက္ခဲ့ရင္ တစ္ေယာက္ကို ေဒၚလာ သံုးေသာင္းရမွာျဖစ္ၿပီး အဲဒီရက္ေနာက္ပိုင္းမွ စေသာက္ခဲ့ရင္ ေဒၚလာႏွစ္ေသာင္းေလးေထာင္ရမွာ ျဖစ္ပါတယ္။
ေဆးလိပ္ျဖတ္လို႔ မရၾကသူေတြကေတာ့ တစ္ေယာက္ကို ေဒၚလာ ၁၃၀စီ ရရွိၾကမွာ ျဖစ္ပါတယ္။
ခင္ပြန္းသည္က ေဆးလိပ္ေၾကာင့္ အဆုတ္ကင္ဆာရၿပီး ကြယ္လြန္သြားခဲ့တဲ့ Jean-Yves Blais က အဲဒီတရားစြဲဆိုမႈ တစ္ခုကို စတင္ခဲ့သူ ျဖစ္ပါတယ္။ သူမက " စီးကရက္က ဘာလဲ ဆိုတာ သင္တုိ႔ ခဏေလးေလာက္မ်ား ရပ္တန္႔ၿပီး စဥ္းစားျဖစ္ၾကရဲ ႔လား၊ အဲဒါက သင့္ကို ဖ်က္ဆီးပစ္ေနတယ္၊ လံုး၀ကို ဖ်က္ဆီးပစ္ေနတာ" လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တရားစြဲဆိုသူေတြရဲ ႔ ေရွ႕ေန Bruce Johnstonကေတာ့ "ေဆးလိပ္ကုမၸဏီေတြက လူေတြကို ႏွစ္၅၀ၾကာေအာင္ လိမ္ေနခဲ့တာ၊ လိမ္တာက ပူးေပါင္းၿပီးေတာ့ကို လိမ္ၾကတာ" လို႔ ဆိုခဲ့ပါတယ္။

တရားစြဲဆိုခံရတဲ့ ကုမၸဏီေတြကJTI-Macdonald Corp.၊ Imperial Tobacco Canadaနဲ႔ Rothmans Benson & Hedgesတို႔ ျဖစ္ၾကပါတယ္။

မူရင္းေဆာင္းပါးအျပည့္အစံုကို ေအာက္က လင့္မွာ ဖတ္လို႔ ရပါတယ္။
http://www.cbc.ca/news/canada/montreal/tobacco-companies-ordered-to-pay-15b-in-damages-1.3095963