Thursday, March 8, 2018

ဆေးလိပ်ရဲ့ အမှန်တရား

"ဆေးလိပ်ကြောင့် သေဆုံးမှုတွေက လူသတ်ခံရမှု၊ အေအိုင်ဒီအက်စ်ကြောင့်သေဆုံးမှု၊ မိမိကိုယ်မိမိသတ်သေမှု၊ မူးယစ်ဆေးဝါး၊ ယာဉ်တိုက်မှု၊ အရက် စတာတွေကြောင့် သေဆုံးမှုတွေ အားလုံးပေါင်းထက် ပိုများပါတယ်။"

အထက်ပါ စာသားက အမေရိကန်နိုင်ငံ ဖက်ဒရယ်တရားရုံးက ဆေးလိပ်လုပ်ငန်းကြီးတွေကို ထုတ်ပြန်ပေးဖို့ အမိန့်ချမှတ်တဲ့ ကြေငြာစာတွေထဲက တစ်ခုပါ။

အမိန့်ချမှတ်ခြင်း ခံရတဲ့ ဆေးလိပ်လုပ်ငန်းကြီးတွေက RJ Reynolds Tobacco, Philip Morris USA, Altria နဲ့ Lorillard တို့ ဖြစ်ကြပါတယ်။

သူတို့ရဲ့ ထုတ်ကုန်တွေကြောင့် လူတွေ ဘယ်လို ကြုံတွေ့ခံစားရကြောင်း အမှန်အတိုင်း ပြင်ဆင်ထုတ်ပြန်ဖို့ ဖယ်ဒရယ်တရားရုံးက အမိန့်ချမှတ်ခြင်း ခံထားရခြင်း ဖြစ်ပါတယ်။
အဲဒီအချက်တွေကို သူတို့ဆီက အွန်လိုင်းနဲ့ ပုံနှိပ် အဓိက သတင်းစာတွေထဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ၂၀၁၇ က စလို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်သံအစီအစဉ်တွေရဲ့ လူကြည့်များတဲ့ အချိန်တွေမှာလည်း ကြေညာပေးရမှာ ဖြစ်ပါတယ်။ 

ဆေးလိပ် ဆေးရွက်ကြီးကြောင့် နာမကျန်းဖြစ်သူတွေကို ကုသရတဲ့ စရိတ်တွေအတွက် အမေရိကန်နိုင်ငံရဲ့ တရားရေးဌာနက ဆေးလိပ်လုပ်ငန်းကြီးတွေကို ၁၉၉၉ခုနှစ်က တရားစွဲဆိုခဲ့ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ 


"ေဆးလိပ္ေၾကာင့္ ေသဆံုးမႈေတြက လူသတ္ခံရမႈ၊ ေအအိုင္ဒီအက္စ္ေၾကာင့္ေသဆံုးမႈ၊ မိမိကိုယ္မိမိသတ္ေသမႈ၊ မူးယစ္ေဆးဝါး၊ ယာဥ္တိုက္မႈ၊ အရက္ စတာေတြေၾကာင့္ ေသဆံုးမႈေတြ အားလံုးေပါင္းထက္ ပိုမ်ားပါတယ္။"
အထက္ပါ စာသားက အေမရိကန္ႏိုင္ငံ ဖက္ဒရယ္တရားရံုးက ေဆးလိပ္လုပ္ငန္းၾကီးေတြကို ထုတ္ျပန္ေပးဖုိ႔ အမိန္႔ခ်မွတ္တဲ့ ေၾကျငာစာေတြထဲက တစ္ခုပါ။
အမိန္႔ခ်မွတ္ျခင္း ခံရတဲ့ ေဆးလိပ္လုပ္ငန္းၾကီးေတြက RJ Reynolds Tobacco, Philip Morris USA, Altria နဲ႔ Lorillard တို႔ ျဖစ္ၾကပါတယ္။ 
သူတို႔ရဲ႕ ထုတ္ကုန္ေတြေၾကာင့္ လူေတြ ဘယ္လို ၾကံဳေတြ႔ခံစားရေၾကာင္း အမွန္အတိုင္း ျပင္ဆင္ထုတ္ျပန္ဖို႔ ဖယ္ဒရယ္တရားရံုးက အမိန္႔ခ်မွတ္ျခင္း ခံထားရျခင္း ျဖစ္ပါတယ္။
အဲဒီအခ်က္ေတြကို သူတို႔ဆီက အြန္လိုင္းနဲ႔ ပံုႏွိပ္ အဓိက သတင္းစာေတြထဲမွာ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ ၂၀၁၇ က စလို႔ ေဖာ္ျပခဲ့ျပီး ျဖစ္ပါတယ္။
ရုပ္သံအစီအစဥ္ေတြရဲ႕ လူၾကည့္မ်ားတဲ့ အခ်ိန္ေတြမွာလည္း ေၾကညာေပးရမွာ ျဖစ္ပါတယ္။
 
ေဆးလိပ္ ေဆးရြက္ၾကီးေၾကာင့္ နာမက်န္းျဖစ္သူေတြကို ကုသရတဲ့ စရိတ္ေတြအတြက္ အေမရိကန္ႏိုင္ငံရဲ႕ တရားေရးဌာနက ေဆးလိပ္လုပ္ငန္းၾကီးေတြကို ၁၉၉၉ခုႏွစ္က တရားစြဲဆိုခဲ့ျခင္းရဲ႕ ရလဒ္ျဖစ္ပါတယ္။